လောကကြီးမှာရှိကြသော လူသားတို့အတွက် ကောင်းကျိုးကိုသာရည်ရွယ်၍ ဤစာသားကို ရေးသားရခြင်းဖြစ်သည်။ ထို့ကြောင့် စာပေကိုမြတ်နိုးကြသော စာပေပရိတ်သတ်အတွက် အမှားအယွင်းပါခဲ့ပါလျှင် အကြံပေးပါရန် ရှေးဦးပထမ အနူးညွတ်ပြောပါရစေ။ ယ္ခု စာရေးသူအနေဖြင့် ထက်၍ဆိုချင်သည်မှာ တိုက်ဆိုင်မှုလေးတွေရှိခဲ့ပါလျှင်လည်း ခွင့်ပြုပေးပါရန် ပြောဆိုအပ်သည်။ ယခုအခါ ဤစာအုပ်လေးကို ရေးသားရခြင်းသည် အကောင်းကိုသာ ရည်ညွန်းစေချင်ပါသည်။ အဘယ်လည်းဆိုသည်မှာ ချမ်းသာခြင်း၏ရလာဒ်သည် လောကလူသားတိုင်းကလိုချင် တောင်းတ ခြင်းကြောင့်သာဖြစ်ပေသည်။ သို့သော်ပညာသင်ကြားရန်ပင်မေ့လျှော့သွားကြသည် အမှန်ပင်ဖြစ်ပေ သည်။ ထိုအရာတွေကို ပြန်၍စဉ်းစားကြလျှင် ပထမအရွယ်တွင် စာပေသင်ကြားရန်လိုပေသည်။ ထိုသို့ဆိုရခြင်းမှာ ရှေးထုံးကို မပယ်မူ၍ထက်ဆိုဦးအံ။ ရှေးပညာရှိတို့၏ အယူအဆ အတွေးအခေါ် သည် နောက်နောက်သော ပညာရှင်တို့အတွက် လက်နက်ကောင်းသဖွယ်ပင်ဖြစ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော အောက်ပါလင်္ကာကိုကြည့်၍သိနိုင်ပါသည်။
ပညာတန်ဆောင်၊ ဥာဏ်အရောင်ကား
မိုက်မှောင်ဖျောက်ပယ်၊ ချမ်းသာကြွယ်၏
တင့်တယ်ကြီးပွား၊ ကျင့်တရားကား
ထား စား ရင်းနှီး၊ သိုမှီးအထူး
ဆည်းပူးဒါန၊ သီလ ကိုယ်ကျင့်
နှိုင်းချင့်ပညာ၊ မကွာသတိ
အမြဲရှိသည်၊ က၀ိသူမွန် ကျင့်ထုံးတည်း.......။ ။ ဟူ၍
ရှေးရှေးက၀ိသူမွန်တို့၏ လင်္ကာကိုထောက်ဆသောအားဖြင့် ယခုအခါစာရေးသူသည် ဤ ချမ်းသာခြင်း ၏ ရလာဒ်ပညာ ကို ရေးသားခြင်းဖြစ်ပါသည်။ ခေတ်ပညာရေးတို့သည် ဒီရေပမာကဲ့သို့ တိုးတက်လာ သော ဒီခေတ်ဒီအခါသည် ပညာရေးတိုးတက်သည်နှင့်အမျှ သိပ္ပံအတက်ပညာတို့သည်လည်း တနေ့တခြား တိုးတက်နေပေသည်။ လူသားတိုင်း လူသားတိုင်း တစ်ဦးချင်းဆီမှာ အတက်ပညာ တစ်ခု သို့မဟုတ် ပညာရပ် တစ်ရပ်ရှိနေပြီဖြစ်သော်လည်း စာရေးသူအနေဖြင့် ဘ၀င်မမျှဖြစ်နေမိပါသည်။ သို့သော် လူတော်လူမွန် မရှာသော ဒီခေတ် ဒီအခါ၌ကား တော်လွန်း ချွန်လွန်းသော လူည်ချွန်များပြား သည်ထက်များပြားစေရန်အတွက် စာရေးသူသည် ပို၍တော်စေရေးနှင့် ပညာ၏ချမ်းသာကိုရရှိနိုင်ရေး အတွက် ထပ်မံကာ ဤမည်သော “ချမ်းသာခြင်း၏ရလာဒ်ပညာ” ကို ရေးသားအပ်သည်။ သို့သော် ပညာရှင်မဟုတ်သေးသော်လည်း အမှားရှိနိုင်ပါသည်။ ထို့ကြောင့် စာပေမြတ်နိုးသူတို့က အကြံပြုနိုင်ပါ သည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပေးပါရန် အနူးညွတ်ထက်၍ ပြောဆိုအပ်ပါသည်။
စာရေးသူ
ပုည(ရာမည)
ဝီရိယ နှင့် လူသား
0 comments:
Post a Comment