ရွှေဧည့်များ အကြုံပေးရန်အတွက်

Tuesday, June 1, 2010


လောကကြီးမှာရှိကြသော လူသားတို့အတွက် ကောင်းကျိုးကိုသာရည်ရွယ် စာသားကို ရေးသားရခြင်းဖြစ်သည်။ ထို့ကြောင့် စာပေကိုမြတ်နိုးကြသော စာပေပရိတ်သတ်အတွက် အမှားအယွင်းပါခဲ့ပါလျှင် အကြံပေးပါရန် ရှေးဦးပထမ အနူးညွတ်ပြောပါရစေ။ ယု စာရေးသူအနေဖြင့် ထက်ဆိုချင်သည်မှာ တိုက်ဆိုင်မှုလေးတွေရှိခဲ့ပါလျှင်လည်း ခွင့်ပြုပေးပါရန် ပြောဆိုအပ်သည်။ ယခုအခါ စာအုပ်လေးကို ရေးသားရခြင်းသည် အကောင်းကိုသာ ရည်ညွန်းစေချင်ပါသည်။ အဘယ်လည်းဆိုသည်မှာ ချမ်းသာခြင်း၏ရလာဒ်သည် လောကလူသားတိုင်းကလိုချင် တောင်းတ ခြင်းကြောင့်သာဖြစ်ပေသည်။ သို့သော်ပညာသင်ကြားရန်ပင်မေ့လျှော့သွားကြသည် အမှန်ပင်ဖြစ်ပေ သည်။ ထိုအရာတွေကို ပြန်စဉ်းစားကြလျှင် ပထမအရွယ်တွင် စာပေသင်ကြားရန်လိုပေသည်။ ထိုသို့ဆိုရခြင်းမှာ ရှေးထုံးကို မပယ်မူထက်ဆိုဦးအံ။ ရှေးပညာရှိတို့၏ အယူအဆ အတွေးအခေါ် သည် နောက်နောက်သော ပညာရှင်တို့အတွက် လက်နက်ကောင်းသဖွယ်ပင်ဖြစ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော အောက်ပါလင်္ကာကိုကြည့်၍သိနိုင်ပါသည်။

ပညာတန်ဆောင်၊ ဥာဏ်အရောင်ကား

မိုက်မှောင်ဖျောက်ပယ်၊ ချမ်းသာကြွယ်၏

တင့်တယ်ကြီးပွား၊ ကျင့်တရားကား

ထား စား ရင်းနှီး၊ သိုမှီးအထူး

ဆည်းပူးဒါန၊ သီလ ကိုယ်ကျင့်

နှိုင်းချင့်ပညာ၊ မကွာသတိ

အမြဲရှိသည်၊ က၀ိသူမွန် ကျင့်ထုံးတည်း.......။ ။ ဟူ၍

ရှေးရှေးက၀ိသူမွန်တို့၏ လင်္ကာကိုထောက်ဆသောအားဖြင့် ယခုအခါစာရေးသူသည် ဤ ချမ်းသာခြင်း ၏ ရလာဒ်ပညာ ကို ရေးသားခြင်းဖြစ်ပါသည်။ ခေတ်ပညာရေးတို့သည် ဒီရေပမာကဲ့သို့ တိုးတက်လာ သော ဒီခေတ်ဒီအခါသည် ပညာရေးတိုးတက်သည်နှင့်အမျှ သိပ္ပံအတက်ပညာတို့သည်လည်း တနေ့တခြား တိုးတက်နေပေသည်။ လူသားတိုင်း လူသားတိုင်း တစ်ဦးချင်းဆီမှာ အတက်ပညာ တစ်ခု သို့မဟုတ် ပညာရပ် တစ်ရပ်ရှိနေပြီဖြစ်သော်လည်း စာရေးသူအနေဖြင့် ဘ၀င်မမျှဖြစ်နေမိပါသည်။ သို့သော် လူတော်လူမွန် မရှာသော ဒီခေတ် ဒီအခါ၌ကား တော်လွန်း ချွန်လွန်းသော လူည်ချွန်များပြား သည်ထက်များပြားစေရန်အတွက် စာရေးသူသည် ပို၍တော်စေရေးနှင့် ပညာ၏ချမ်းသာကိုရရှိနိုင်ရေး အတွက် ထပ်မံကာ ဤမည်သော “ချမ်းသာခြင်း၏ရလာဒ်ပညာ” ကို ရေးသားအပ်သည်။ သို့သော် ပညာရှင်မဟုတ်သေးသော်လည်း အမှားရှိနိုင်ပါသည်။ ထို့ကြောင့် စာပေမြတ်နိုးသူတို့က အကြံပြုနိုင်ပါ သည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပေးပါရန် အနူးညွတ်ထက်၍ ပြောဆိုအပ်ပါသည်။

စာရေးသူ

ပုည(ရာမည)

ဝီရိယ နှင့် လူသား

အချိန်သည် ဒီရေပမာ ရုတ်တရက် ကုန်ဆုံးသွားကြကုန်၏။ တနေ့တာ အလုပ်ကို လုပ်ကြကုန်သော လူသားတို့သည် နေ့ရက်တွေတာ ကုန်ဆုံးသွားကြကုန်၏။ အလုပ်တို့သည်သာ မကုန်ဆုံးပဲ ရှိနေမြဲ ရှိနေခဲ့ကြကုန်၏။ အချို့သောလူသားတို့သည် ပြင်းရိကြကုန်၏။ အချို့သောလူသားတို့သည် ပျက်စီးကြကုန်၏။ အချို့သောလူသားတို့သည် ဥာဏ်ဖြင့်ဆင်ခြင်သိမြင်ကြကုန်၏။ အချို့သော လူသားတို့သည် လုံ့လ ၀ီရိယ အားထုတ်ခြင်းကိုပြုလုပ်ကြကုန်၏။ ကဲ့သို့ ပြင်းရိခြင်း ပျက်စီးခြင်းတို့သည် ၀ီရိယမဲ့သော လူသားထံတည်ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။ သူတို့သည် အချိန်ကုန်သည်နှင့်အမျှလည်းကောင်း အရွယ်ကြီး အသက်ကြီးလာသည်နှင့်အမျှ ဆင်းရဲခြင်းဒုက သုကပေါင်းများစွာတို့သည် ခံကြရကုန်၏။ ထိုမှမဟုတ်မူ ဥာဏ်ဖြင့် ဆင်ခြင်သိမြင်ခြင်း လုံ့လ ၀ီရိယ အားထုတ်ခြင်းဖြင့်ပြုလုပ်ကြကုန်သော လူသားတို့သည် တစ်နေ့တခြားတူမတူအောင် တိုးတက်လာကြ ကုန်၏။ ထိုဝီရိယနှင့် ပြည့်စုံသောလူသားသည် အောင်မြင်မှု၏ သရဖူကို အနီးကပ်ဆုံးရယူပိုင်ဆိုင်ခွင့် အရှိဆုံးသူဖြစ်လာကြ၏။ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ချမ်းသာလွန်းသော အထူးချွန်ဆုံးသော အဘက်ဘက်ကပြည့်စုံကြွယ်ဝလာသော ပုဂ္ဂုလ်တို့သည် တစ်နည်းပြောရလျှင် ၀ီရိယနှင့်လူသားတို့ သည်ပင် အကောင်းဆုံး ၀ီရိယနှင့်ကျိုးစားအားထုတ်ခဲ့သောကြောင့်ဖြစ်သည်။

0 comments:

Post a Comment

Welcome To My Website ဓမ္မအလင်္ကာဝတ်ရည် ပုည (ရာမညတိုင်း ဟံသာဝတီမြို့ ပဲခူး) မှ ကြိုဆိုပါသည်
ဓမ္မအလင်္ကာဝတ်ရည် ပုည
Hello Welcome to my website This is my first project

Connect With Us

After all, My mother and father are of vital importance within my life.

After all, My mother and father are of vital importance within my life.
My life base on myself but my life is suporting to my parent.

Instructions

သူတို့လေးတွေဟာ အနာဂါတ် ဓမ္မသူရဲကောင်းတွေ

သူတို့လေးတွေဟာ အနာဂါတ် ဓမ္မသူရဲကောင်းတွေ
ဓမ္မသူရဲကောင်းတွေလို့ပြောချင်သော သဘောနှင့်ဆိုတာတော့ မဟုတ်ပါချေ။ သူတို့ဘ၀ရဲ့ လမ်းကြောင်းမှာ သူတို့လေးတွေဟာ သဘာဝဓမ္မ သူရဲကောင်းတွေ့ပေါ့။ အဲဒါကြောင့် ဘယ်သူမဆို သူရဲကောင်းဖြစ်နိုင်ပါတယ်။ သူရဲကောင်း ဆိုတာ သူကိုယ်တိုင်ရဲ မှ ကောင်းမွန်နိုင်သော ဘ၀ကို ဖန်းတီးနိုင်မှာဖြစ်ပါသည်။ သူကိုယ်တိုင် မရဲဘူးဆိုရင်တော့ ဘယ်သို့သော နေရာမှာကောင်းနိုင်တော့အံနည်း။ ထို့ကြောင့် သူတို့လေးတွေကို သူရဲကောင်းဟုခေါ်ပါသည်။

ဘ၀အနာဂါတ်အတွက် တွန်းအားအပြည့်ရှိသော သဘာဝဓမ္မမိသားစု

ဘ၀အနာဂါတ်အတွက် တွန်းအားအပြည့်ရှိသော သဘာဝဓမ္မမိသားစု
ဘ၀ကို ရိုးသားမှုအပြည့်ရှိသော ခွန်အားတွေနှင့် တွန်းအားပေးကာ ဆုံးမသြ၀ါဒနှင့် ခရီးဆက်သမျှကို မတွန့်သော အားပေးမှုတွေနှင့် ကျိုးစားခဲ့ပါ အမေသားအလှကလျာရယ်လို့ အမေကိုယ်တိုင် အားပေးခဲ့သော စကားသံတွေကို သဘာဝဓမ္မတရား ခင်းကျင်းကာနာခံတာ မိသားစုတို့၏ ခမ်းနားသော စကားပင်ဖြစ်ပေသည်။ ထိုအရာတွေသည် သဘာဝဓမ္မမိသားစုနှင့် အကောင်းမွန်ဆုံး အမေမေတ္တာတွေပင်ဖြစ်ပေသည်။

Blogger Tricks

Unlimited Free Image and File Hosting at MediaFireUnlimited Free Image and File Hosting at MediaFire
Welcome To My Websit ဓမ္မအလင်္ကာဝတ်ရည် ပုည (ရာမညတိုင်း ဟံသာဝတီမြို့ ပဲခူး) မှ ကြိုဆိုပါသည်
ဓမ္မအလင်္ကာဝတ်ရည် ပုည
Hello Welcome to my website This is my first project

Share

Twitter Delicious Facebook Digg Stumbleupon Favorites